Saturday, June 28, 2014

သူငယ်ချင်းရဲ့ ကောင်မလေး - Friend's Girlfriend [Lyrics]


Artist - Theingar (Gar Lay)
Lyrics - Theingar (Gar Lay)

Verse 1

နင့်ရဲ့အကြောင်းငါတွေးမိလိုက်တိုင်း လူဖြစ်ရတာမောလာတယ်
ဘော်ဒါအကန့်တွေကျော်ပြီးလုပ်ရင် ကျူမြစ်လိုပဲ မျောပါမယ်
အပူအသစ်ရှာတယ်ပြောပါသော်လည်း အတူချစ်လိုတဲ့ ရောဂါပဲ
ငါ့ဘော်ဒါက လိုက်နေတဲ့နင့်ကို ချစ်တယ်ဘယ်လိုငါပြောမှာလဲ


လူ့စည်း လူ့ကမ်း စောင့်ခဲ့ရင်လည်း တချို့ကပြောမယ် ငါရိုးတယ်
အကျော်အခွဇယားတွေ ရွှေ့ ခဲ့ရင်လည်း တချို့ကပြောမယ် ငါဆိုးတယ်
မြည်းနဲ့ သားအဖ ဒါမျိုးပဲလို့ ရှေးကလူတွေ စာချိုးတယ်
ကျင့်ဝတ်သိကာထိန်းရတဲ့ လူ့ဘဝ မကျေနပ်ဘူးကွာ ငါ (ဟာ….)

မလုပ်နဲ့ မလုပ်နဲ့ လူကောင်းဆန်ဖို့ ဦးနှောက်ကတားမြစ်ချက်သတ်မှတ်
နှလုံးသားမှာ သွေးတွေစီးဆင်းပဲ အဆက်မပြတ် ငါ့ဘော်ဒါရဲ့ ရည်းစားလောင်းကို ချစ်နေဆဲပဲ တစ်ဖက်သတ်
ငါ့ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ချစ်နေမှာပဲ ဆက်လက် စိတ်ကျန်းမာရေးအတွက် အာဟာရက ပြတ်လပ်
အပြတ်ပြတ်နဲ့ နှာခေါင်းသွေးထွက်လည်း ဟိုးရှေးဘဝတစ်ခုက အတိတ်ကံပဲငါ သတ်မှတ်

ထားပါတယ် ရပါတယ် မင်းလိုရာကိုသွားပါကွယ်
ငါ့နှလုံးသားတောင် ငါမပိုင်ဆိုင်တာ မင်းကို ဘယ်လိုငါတားမှာလဲß
သူငယ်ချင်းစည်းကိုစောင့်တဲ့ပြစ်မှုနဲ့ အဆုံးခန်းမလှတဲ့ ငါ့ရဲ့အချစ်တစ်ခု
နောက်ဘဝတော့ ဖြစ်ပါစေ အပြုံးပန်းများနဲ့ ငါ့ရဲ့ချစ်သူ

Cho

အိပ်မက်တွေ ပျက်သုဉ်းသွား တဒင်္ဂလေးမှာ လုံးဝ
ငါမက်မောတဲ့ ပြုံးအလှက ငါ့ကို ပြန်ကာ ဆုံးမ
ဖွင့်ပြောလို့လည်း မဖြစ်နိုင်ဘူး နင်ငါ့ကိုလည်း မချစ်နိုင်ဘူး
မင်းက မင်းက မင်းက မင်းက ငါ့သူငယ်ချင်းရဲ့  ချစ်သူ

အိပ်မက်တွေ ပျက်သုဉ်းသွား တဒင်္ဂလေးမှာ လုံးဝ
ငါမက်မောတဲ့ ပြုံးအလှက ငါ့ကို ပြန်ကာ ဆုံးမ
ဖွင့်ပြောလို့လည်း မဖြစ်နိုင်ဘူး နင်ငါ့ကိုလည်း မချစ်နိုင်ဘူး
မင်းက မင်းက မင်းက မင်းက ငါ့သူငယ်ချင်းရဲ့  ချစ်သူ

Verse 2

တစ်ယောက်တည်းချစ် တစ်ယောက်တည်းခံစား အချစ်ဟုခေါ်လည်း အဲဒါတစ်ဖက်သတ်
ပြဒါးမရှိတဲ့မှန်ကို ကြည့်မိတဲ့အဖြစ် အစစ်အတုမပေါ်ဘဲ အသည်းမှာ ဟက်တက်
တစ်ချက်တစ်ချက်နာ တစ်ရက်မသက်သာလို့ ငါ့နှလုံးခုန်ရပ် အသက်ထွက်သွားလည်း
ယမမင်းကပြစ်ဒဏ်ချလို့ ဒုသနသောလည်း လက်ခံရမယ်

ငါမသိလိုက်တဲ့အချိန်လေးအတွင်းမှာ ငါ့သူငယ်ချင်းမင်းကို ချစ်ခွင့်ပန်ဆင်
ဂျာနယ်ထဲက ဗေဒင်အရဆို နင်တိုှု့နှစ်ယောက်က နေ့သင့်နံသင့်
သဲထဲပန်းချီရေးခြစ်ဖန်ဆင်း လှိုင်းပုတ်တာနဲ့ အစအနပြယ်လွှင့်
အချစ်ကိုထုတ်ဖော်ခွင့်မရတဲ့အဖြစ်က အသက်ရှင်လျက်နဲ့ ဘဝသေ အပယ်သင့်

ချစ်သူတိုင်း ဘုရားကိုရောက်ရင် ဘဝတိုင်းပေါင်းဖို့ ဆုတောင်းတာချည်းပဲ
နင်နဲ့ ငါ့သူငယ်ချင်း ဘုရားကိုသွားရင် သူများတွေလို ဆုတောင်းပါပြီတဲ့
နောက်ဘဝမှာ ထပ်ပေါင်းဖက်ကြရင် ငါ့အတွက် အခွင့်အရေးဘယ်မှာရှိမလဲ 
ဒါငါသိတယ် စာနာကြည့်ကွယ် စဉ်းစားမိတိုင်းရင် လာလာထိတယ်

ဒါကြောင့်မို့ ဘုရားကိုရောက်ရင် အဲဒီ့ဆု နင်မတောင်းပါနဲ့
မြတ်ဗုဒရဲ့ စေတနာတန်ခိုးကြောင့် တောင်းတဲ့ဆုက အကြောင်းပါမယ်
မသင့်လျော်လည်း ငါတောင်းမယ့်ဆုက နောက်ဘဝမှာနင် ရှောင်ကာမပြေးဖို့
ငါ့သူငယ်ချင်းကြောင့်လက်လွှတ်ခဲ့ရသော တစ်ဖက်သတ်ချစ်ရသူ ကောင်မလေးသို့

Release Date - 14th June, 2014

Presented by
Ace Galaxy Entertainment


Download this track as mp3 file -
သူငယ်ချင်းရဲ့  ကောင်မလေး - Friend's Girlfriend

Download this lyrics as PDF file -
Mediafire

No comments:

Post a Comment